Pages

Wednesday, March 8, 2017

***ယုံကြည်မှုကိုမဲ့စေသူများ***

ပေးကမ်းစွန့်ကြဲခြင်းနှင့်
ကိုယ်ချင်းစာတရားထားခြင်းသည်
ကွာခြားမှုရှိသည်။

ငါဟူသော အတ္တအစွဲရှိသူများသည်
သူတစ်ပါးအားစော်ကားနှိမ့်ချရန်
ဝန်မလေးတတ်ကြပေ။

ခေါက်ရိုးကျိုးနေသော
အထက်စီးဆန်သည့်
ဆက်ဆံမှုများကြောင့်
တစ်ဖက်သားစိတ်ဓာတ်အား
ရိုက်ချိုးသကဲ့သို့ ဖြစ်တတ်သည်။

အသေမြတ်ဖို့အတွက်
အနေတတ်ဖို့ လိုနေကြောင်း
ပိုပိုသိလာရသည်။

လူဖြစ်နေကြခြင်းကြောင့်
လူသားဆန်၍
အမှန်တရားသည်
လမင်းတိမ်ဖုံးသကဲ့သို့
မဲမှောင်လာတတ်သည်။

ယုံကြည်မှုကိုမဲ့စေသူများသည်
လူသားများဖြစ်ပြီး
လူတို့စိတ်သည်ကား
ကြောက်စရာအကောင်းဆုံး
လူသတ်လက်နက်ဖြစ်သည်။

လရိပ်လေး(မောင်းမကန်)
၎.၃.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment