Pages

Thursday, April 9, 2015

***မတူထူးခြား စိန်ပွင့်လေးများ***


သင်တန်းကာလ ကုန်ဆုံးရချိန်
တူမျှမေတ္တာ တွယ်ငြိပါလျက်
ပါးမှာမိုးစွေ မျက်ရည်တွေနဲ့
မသွေခွဲခွာရတော့မလေ။

တို့များခွဲခွာ ဝေးခဲ့ပါလည်း
နေရာဝန်းကျင် အလင်းမြင်ဖို့
ပြုံးရွှင်စိတ်ဖြင့် ကြင်နာဆင့်ကာ
ရဲရင့်စိတ်တွေ မွေးကြမလေ။
တိုင်းပြည်လူမျိုး မြန်ဖွံ့ဖြိုးဖို့
အားကျိုးမာန်တက် ဆောင်ရွက်ချက်နှင့်
ထက်မြက်စိတ်အား လက်တွဲထားလျက်
တို့များတတွေ ရှေ့ဆက်မလေ။
လရိပ်လေး(မောင်းမကန်)
27 – 03 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment