Pages

Wednesday, April 29, 2015

****ဘဝ****


ရန်ကုန်မြို့ကြား
လိုင်းကားကြီးကြီး တိုးကြိတ်စီးလျက်
ချွေးဒီးဒီးကျ ပင်းပန်းရလည်း
ဘဝဝမ်းရေး စဉ်းစားတွေး၍
အပြေးအလွှား အားတင်းထားကာ
နေ့များစွာတွက် ဖြတ်သန်းခဲ့၏။


နေ့ရက်များစွာ ဖြတ်သန်းပါလည်း
လိုရာပန်းတိုင် မရောက်နိုင်ခင်
ခိုင်မာသည့်ဇွဲ ဝီရိယမြဲလျက်
တိုက်ပွဲအသွင် စိတ်အားဆင်ကာ
သင်ယူလေ့လာ တွေ့ကြုံရှာ၏။

အောင်မြင်မှုကို ရယူလိုလျင်
သေခါနောက်ဆုံး မှတ်ယူထုံးဖြင့်
အပြုံးပန်းဆင် မြဲတမ်းသင်ကာ
ဆင်ခြင်လေ့လာ ပညာရှာ၍
ကြိုးစားသင့်တာ ငါသိလာ၏။

လရိပ်လေး (မောင်းမကန်)
30 - 4 -2015
http://layeiklay.blogspot.com/
Photo from Google

No comments:

Post a Comment