Pages

Tuesday, April 21, 2015

***နွေးထွေးမေတ္တာ***


ပန်းကြွေမြေခ နွမ်းကြေရသလို
လွမ်းလှရင်နာ ခွဲလို့လာပြီ
သာလှကမ်းခြေ မောင်းမကန်မြေ။

အမေ့မေတ္တာ အမေ့ရွာကို
စဉ်သာလွမ်းခြုံ ချစ်ခြင်းဆုံလျက်
တွေ့ကြုံမခွဲ နေချင်လဲလေ
မွဲလှကြမ္မာ ဘဝဝမ်းစာကြောင့်
ရင်နာရင်းလေ ခွဲလို့နေ။

တစ်ချိန်ချိန်မှာ အောင်မြင်လာလျင်
မေ့ရွာမေ့မြေ ခွဲမနေပဲ
ရေမြေ ကောင်းကျိုး ထမ်းသယ်ပိုးလျက်
မိုးပြာရောင်ချယ် ရွှေပင်လယ်ကို
ခင်တွယ်ရင်းလေ မွေးမေမေကို
ချစ်တွေပုံအော ပေးပါ့မယ်။

အဆင်မပြေ ဘဝခြေကြောင့်
လွမ်းစွေစေလျက် တာဝန်ပျက်တဲ့
ရက်စက်ထွက်ပြေး သမီးလေးကို
အဝေးမှတွေး နားလည်ပေးရင်း
နွေးထွေးမေတ္တာ ပေးပါအမေ။

လရိပ်လေး(မောင်းမကန်)
18 – 04 – 2015
http://layeiklay.blogspot.com

No comments:

Post a Comment