Pages

Sunday, April 26, 2015

*****လွမ်းနှင့်သက်ဆိုင်သော*****


အချစ်သီအိုရီရဲ့ မပြောင်းလဲသောတည်ကိန်း
နှလုံးသားအား တစစီခြွေဖဲ့
ရှိုက်တည့်တည့်ကို စူးနှစ်စေရဲ့။

အချစ်ရဲ့ ရှင်သန်ခြင်းသစ်ပင်မှာ
အမြစ်တွယ် မပျက်ပြယ်သောကျိန်စာအဖြစ်
စက္ကန့်တိုင်းတူးဆွ မီးစလိုပူပြင်းစေရဲ့။

မမြဲခြင်းတရားက လက်မှိုင်ချ
မိုက်ရူးရဲဆန်လှပြီး
အသည်းစား ဘုရင်မ အဖြစ်
ရက်စက်သူ အာဏာရှင်။

အချစ်မရှိ ငွေမရှိ
မျှော်လင့်ချက်မရှိ ရည်မှန်းချက်မရှိလည်း
သူ့ရပ်တည်ခွင့် ပျောက်မသွား။

လရိပ်လေး ( မောင်းမကန် )
23 . 4 . 2015
http://layeiklay.blogspot.com/

No comments:

Post a Comment