Pages

Tuesday, May 30, 2017

***နှုတ်ဖျားစကား ငြိမ်းစေအား***

မနာလိုစိတ် ယိုကာဖိတ်လျက်
စိတ်ကြွလာသော် ဒေါသမွှန်၍
နှုတ်ကျွံစကား စည်းမထားပဲ
ဆဲဆိုကြတာ ကြောက်စရာ။

သူမှားကိုယ်မှား အပြိုင်မှားသော်
စော်ကားဆဲဆို အတ္တပိုသူ
ထိုလူသည်ကား ပို၍မှားလျက်
လားရာလွဲမှာ အသေချာ။

ဘယ်သူမှားမှား ကိုယ်တရားရှိ
နှုတ်ဖျားသတိ စောင့်စည်းသိလျက်
ညှိုနှိုင်းလက်တွဲ မေတ္တာမြဲမှ
သွေးမကွဲမှာ တကယ်ပါ။

အကြောင်းပြကာ ဆဲဆိုပါလည်း
ဆဲသည့်စကား ပါးစပ်ဖျားက
ပြစ်မှားမိသူ ထိုလူသည်သာ
ပူလောင်ရမှာ တကယ်ပါ။

ငြိမ်းချမ်းရာစစ် တကယ်ချစ်လျင်
အပြစ်ထောက်ပြ စကားလှဖြင့်
နှုတ်ကချိုသာ ဆိုလှည့်ပါမှ
သာယာလှပ အေးမည်ပ။

လရိပ်လေး( မောင်းမကန်)
29.5.2017
http://layeiklay.blogspot.com/

No comments:

Post a Comment