Pages

Tuesday, May 30, 2017

***နှိုင်းတုစံရှား အမေ့စကား***

ဖုန်းမကိုင်တတ် ဖုန်းမဆက်တတ်လို့
သမီးနဲ့မြေးလေးကိုဖုန်းမဆက်ရတဲ့အမေ၊ သူများဖုန်းခေါ်တဲ့အချိန်မှ ငါလည်းပြောပါရစေလို့အလုအယက်ဝင်လာပြောတတ်တဲ့အမေ၊
ဖုန်းဝယ်ထားပေးပေမဲ့ မဆက်ရဲတဲ့အမေ
ဒီနေ့တော့ *********

မနက် ၈နာရီ ရန်ကုန် ဘားအံကားပေါ်မှာ လမ်းဘေးက
အစိမ်းရောင်ရှုခင်းအလှကြည့်ရင်း စာဖတ်လိုက်
သီချင်းနားထောင်လိုက်နဲ့ ကြည်နူးနေမိတယ်။

သဘာအလှတွေကြည့်ရင်း အမေ့ကိုလွမ်းလို့
ဖုန်းဆက်တော့ အမေဖုန်းမကိုင်
အပြင်သွားတာဖြစ်မှာပါလို့ ဖုန်းချလိုက်တယ်။

၁၀ နာရီလောက်ဆိုတော့ မေမေလို့ရေးထားတဲ့
ဖုန်းဝင်လာတယ်။ ချက်ချင်းကိုင်လိုက်ပြီး
"အမေဖုန်းခေါ်တတ်ပြီပေါ့" လို့ မေးတော့

"မြေးလေးကိုလုပ်ခိုင်းပြီးခေါ်တာလေ"

"သမီးခေါ်ထားတယ်လေ "တွေ့လားမေးတော့
မကြည့်တတ်ဘူး မသိဘူးတဲ့လေ။

"သမီးခေါ်ထားတာတွေ့လို့ခေါ်တယ်ထင်လို့
မေးတာပါ" ပြောတော့ " မဟုတ်ပါဘူး ဈေးကပြန်လာတာနဲ့
သမီးကို လွမ်းလို့ သတိရလွန်းလို့ ခေါ်တာပါ"တဲ့

ပြောစရာစကားတွေ ခဏမေ့သွားတယ်
အမေရယ် ပျော်လိုက်တာလို့ သမီးလည်းသတိရလို့
ဆက်ထားတာပါလို့ ပြန်ပြောတော့ အမေကျေနပ်တယ်။

စကားတွေအများကြီးပြောဖြစ်တယ်
အမေလွမ်းတဲ့အချိန် သမီးရှိနေသလို
သမီးလွမ်းတဲ့အချိန် အမေရှိနေပေးတာ
တုနှိုင်းစရာ စကားလုံးမရှိအောင်ပျော်ရပါတယ် အမေ။

ဘယ်လောက်ပင်ပန်းပါစေ
အမေ့အသံလေးကိုကြားရပြီး
သွားနေရတဲ့ သည်ခရီးကတော့
လကမ္ဘာကို အလည်သွားကြတဲ့ ခရီးထက်တော့
ပိုတန်မယ်ထင်ပါတယ် အမေရယ်။

ကျွန်မ အောင်မြင်နေပါပြီ။ လိုချင်သမျှကျ့န်မဘေးမှာရှိနေပြီ။
အခုချိန်မှာ ကမ္ဘာမှာ စိတ်အချမ်းသာဆုံး
အတော်ဆုံးလူသားတစ်ယောက်ကိုပြပါဆိုရင်
အဲဒီလူက အမေလွမ်းနေတဲ့ အမေ့ရဲ့သမီးပဲဖြစ်မှာပါလေ။

လရိပ်လေး(မောင်းမကန်)
၂၆.၅.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment