Pages

Wednesday, May 3, 2017

***ရွှေဘိုမြေမှ ဖြူစင်သူများသို့***

ရိုးသားဖြူစင် သင်ယူချင်လျက်
ခင်မင်ဖော်ရွှေ သူတို့နေရာ
မြေရွှေဘိုဝယ် မြင်ဖလှယ်၍
တွေးကြွယ်စွာနှင့် မေတ္တာချစ်ခြင်း
ရင်ဖြင့်ရင်းကာ ရခဲ့သည်။


ပညာမျှရ ကုသိုလ်လှကြောင့်
သည်မျှဖြင့်သာ မရပ်ပါပဲ
ခန္ဓာဘဝ ရှိနေသမျှ
ပေးခွင့်ရစေ ဆုတောင်းချွေသည်။

ကျွန်မတိုင်းတာ အောင်မြင်ရာကား
စာနာစိတ်ထား မေတ္တာများဖြင့်
အများသူငှာ စီးပွားရှာရေး
ပညာဥာဏ်ပေး မျှဝေတွေးကာ
ဝေးနေမြို့ရွာ ကူညီမှာမို့
မှန်စွာအောင်မြင် ခဲ့ပေပြီ။

ရွှေငွေရယ်ရှား ဘဝခါးလည်း
အများဆင်ပြေ ပျော်ရွှင်လေတာ
မြင်နေရက မောသမျှပြေ၍
ပျော်ရရင်မှာ ကျေနပ်တာမို့
နောင်ခါသည်မြေ လာပါရစေ။

လရိပ်လေး (မောင်းမကန်)
၇.၄.၂၀၁၇
http://layeiklay.blogspot.com/

 

No comments:

Post a Comment