Pages

Friday, June 9, 2017

***အတွေးကြေးမုံ***

အမှောင်ထုအောက်က မီးရောင်တွေကြား
မပီဝိုးတဝါး မြင်ကွင်းတွေဆီငေးရင်း

အလင်းဖြစ်တည်ဖို့
အမှောင်ကစတေးခံရတာလား
အမှောင်ညအတွက်
အလင်းကစတေးခဲ့လေသလား

အရူးသာသာအတွေးစိတ်ကူးက
ကိုယ့်ဘဝကိုယ် ပြန်မြင်နေရ

တစ်နေ့တာအချိန်ရဖို့
တစ်ညတာအိပ်ရေးအပျက်ခံ
ရန်ကုန်မှ နေပြည်တော်ခရီးလေးက
ညအလှကြား ခစားလျက်ပေါ့

လရိပ်လေး( မောင်းမကန်)
4.6.2017
http://layeiklay.blogspot.com/

No comments:

Post a Comment