Pages

Friday, June 30, 2017

***ပင်လယ်ပြာပြာ လွမ်းအက္ခရာ***


တစ်ခဏတာ ဆုံရပါလည်း
ရင်မှာတွယ်ငြိ သူ့အကြည့်နှင့်
မချိအလွမ်း သူပေးစွမ်းလျက်
တမ်းတစေတာ ပင်လယ်ပြာ။


ပင်လယ်ပြာလှ ငေးခွင့်ရလျက်
သဘာဝရှုခင်း အလှဆင်းသည်
စိတ်ရှင်းကြည်လဲ့ ပျော်စေခဲ့လည်း
ဖော်မဲ့သူလေး ရင်ဝယ်ဆွေးလျက်
လွမ်းရေးသာငင် မပျော်ရွှင်။

ချစ်ရည်တူမျှ ယှဉ်တွဲရလျက်
သည်အလှအား ခံစားခွင့်သာ
ရခဲ့ပါမူ သည်အငူဝယ်
ပြိုင်သူမဲ့ရှား ကြင်နာထား၍
ချစ်အားပိုမိ ပေတော့မည်။

လရိပ်လေး (မောင်းမကန်)
29.6.2017
http://layeiklay.blogspot.com/

No comments:

Post a Comment