Pages

Monday, December 12, 2016

***စွန့်စားသူ၏ လမ်း***

တွယ်တာချစ်ခြင်း သည်ရင်တွင်းဝယ်
စစ်ခင်းကာပြိုင် လွမ်းပန်းလှိုင်လျက်
မနိုင်မျက်ရည် ကျလေပြီ။

အမေနဲ့ဝေး မွေးရပ်လေးမှ
နွေးထွေးမေတ္တာ စွန့်ခဲ့ကာနှင့်
လာလမ်းလေးကို ပြန်ခဲ့ပြီ။

သို့သော်လည်းလေ သည်မွေးမြေတွက်
ရင်တွေကွဲစေ နှလုံးကြွေသို့
နွမ်းလေစိတ်အား မေ့ဖျောက်ထားလျက်
ခွန်အားဖက်ကာ အများတွက်တာဟု
ရင်မှာထား၍ နေပါ့မည်။

နောင်ဘဝသာ ရှိခဲ့ပါမူ
မွေးရာမြေမှ မခွဲရပဲ
မျှဝေပညာ ပေးခွင့်သာစေ
တောင်းဆုချွေလျက် ဝေ့လာမျက်ရည်
ပါးထက်ဆီသို့ မကျစေပြီ။

လရိပ်လေး (မောင်းမကန်)
12.12.2016
http://layeiklay.blogspot.com/

No comments:

Post a Comment