Pages

Monday, December 12, 2016

***သင်တန်းဆင်းပွဲ အခမ်းအနား၊ ရွှေဂုဏ်ထူး အဆင့်မြင့်ဘော်ဒါဆောင်***

ပညာပြည့်ဝ နှလုံးလှသော
ရွှေဂုဏ်ထူး အဆင့်မြင့်ဘော်ဒါဆောင်မှ
ဆရာကြီးဦးဇော်ညွန့်၏ ဆရာ၊ဆရာမများအား
စွမ်းဆောင်ရည်တိုးတက်စေလိုသော ဆန္ဒအား
တစ်ထောင့်တစ်နေရာမှ ကူညီခွင့်ရလို့ကျေးဇူးတင်လျက်
အားရကျေနပ်မိပါတယ်ရှင်။

ပညာများပြန်လည်မျှဝေခွင့်ရအောင် အားတက်သရော
အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသော ဆရာ၊ဆရာမများ
ကျောင်းသားကျောင်းသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ
အားလုံးကို ကျေးဇူးတင်သလို ဆရာညီသုတနှင့်
စိတ်ရင်းစေတနာဖြင့် ဆွေးနွေးပေးသော 
ဆရာကြီးဦးဇော်အာင်နိုင်ကို အထူးကျေးဇူးတင်မိပါတယ်ရှင်။

ရွှေဘိုမြို့စာကြည့်တိုက်အတွက် စာအုပ်အများကြီးကို
စေတနာပါပါဖြင့် လှူဒါန်းပေးခဲ့သော ဆရာကြီးဦးဇော်ညွန့်နဲ့ ဆရာညီသုတကို
ထပ်ဆင့်ကျေးဇူးတင်ပါတယ်ရှင်။

ပညာရှင်တွေနဲ့ဆုံခွင့်ရပြီး 
မိမိတို့ဒေသ မိမိတို့ရဲ့လူငယ်တွေအတွက် 
ကူညီခွင့်ရလို့ ပျော်ရွှင်မိပါတယ်။
နောင်လည်း ဒီထက်မက ဆရာကြီးတို့နဲ့အတူ 
ထားဝယ်ဒေသအတွက်
ကူညီခွင့်ရပါစေလို့ ဆုတောင်းရင်း
အားလုံးကိုသတိရပါတယ်။

လရိပ်လေး (မောင်းမကန်)
12.12.2016
http://layeiklay.blogspot.com/
 

No comments:

Post a Comment