Pages

Thursday, December 29, 2016

***ချစ်ရနံ့တွေ သင်းပျံ့စေ***


ရနံ့အဆင်း လှပခြင်းနှင့်
ကျော့ရှင်းလို့နေ တင့်တယ်ပေက
မသွေခူးသူ ပေါ်လိမ့်မည်။

ရနံ့မသင်း အဆင်းကင်း၍
ကြွေလွင့်နွမ်းကြေ မတင့်တယ်ပေက
မသွေခူးသူ ရှားလိမ့်မည်။

အာသာဆန္ဒ ဖြေရုံမျှနှင့်
အချစ်တစ်စအား ဖက်တွယ်ထားလျင်
အမှားတွေ့မှာ သေချာသည်။

အချစ်စစ်အား တွေ့ချင်ငြားသော်
နားလည်မှုပေး မေတ္တာထွေး၍
ဝေးနေလည်းလေ သစ္စာတွေနှင့်
မသွေမပျက် တဏှာမဲ့မှ
ချစ်ရက်လေးတွေ ရှည်လိမ့်မည်။

လရိပ်လေး( မောင်းမကန်)
၂၉.၁၂.၂၀၁၆
http://layeiklay.blogspot.com/

No comments:

Post a Comment