Pages

Thursday, December 1, 2016

***ထားဝယ်မိမြေ လွမ်းသင့်စေ***


အခုဘဝ လူပီသလျက်
မျှဝေပညာ ပေးချင်တာမို့
မွေးရာဌာနေ ထားဝယ်မြေသို့
လုပ်တွေမအားလည်း ထွက်ခဲ့ပြီ။

အဖေအမေ မွေးရာမြေဝယ်
ဖေမေ့ကျေးဇူး မှန်းရည်စူးလျက်
စိတ်ကူးသစ်တွေ ထွက်ပေါ်စေဖို့
အားတွေမွေး၍ ထွက်ခဲ့ပြီ။

တို့တိုင်းရင်းသား လူငယ်များတွက်
အင်အားတိုးကာ သိပညာနှင့်
များစွာသုတ တကယ်ရဖို့
ရွှင်ပြလျက်သာ ထွက်ခဲ့ပြီ။

အဖေနဲ့တူသာ ထိုနေရာဝယ်
ပညာမျှကာ ပေးချင်ပါလည်း
ကြမ္မာမကောင်း ဘဝကြောင်းကြောင့်
လမ်းဟောင်းလေးကို လွမ်းဖြစ်သည်။

အဖေ့အမွေ ရခဲ့လေတာ
အဖေရောက်ရာ ဘုံဘဝမှ
သိမြင်ရလျက် ဝမ်းမြောက်နိုင်စေ
တောင်းဆုချွေကာ အားတင်းထားလည်း
ပါးမှာမျက်ရည် စိုလုပြီ။

လရိပ်လေး (မောင်းမကန်)
၁.၁၂.၂၀၁၆
http://layeiklay.blogspot.com/

No comments:

Post a Comment