Pages

Saturday, January 9, 2016

****စိတ်ကူးမိပြီ ချစ်စစ်ဆီ****


စက်ရုပ်အသွင် စိတ်ကူးဆင်၍
ရွှေရင်စူးရှ နာကျင်လှသည့်
ရုန်းရကန်ရ လူ့ဘဝဝယ်
ဘယ်မျှချိန်ကြာ နေရပါလိမ့်
တွေးကာငေးရီ စိတ်နွမ်းသည်။


အများတွက်တာ မှန်းရည်ကာဖြင့်
ကျရာနေရာ ကခဲ့ပါလည်း
စာနာမဲ့ကင်း လူ့အချင်းကြောင့်
ချစ်ခြင်းတွေလည်း ပျယ်ခဲ့ပြီ။

ငါမည်အတ္တ လူ့လောဘနှင့်
သောကဝေးရာ ချစ်ကင်းပါသည့်
ဌာနေစခန်း တရားလမ်းကို
လျှောက်လှမ်းမှသာ ချမ်းသာရာစစ်
ရှာနိုင်လိမ့်မည် စိတ်ကူးသည်။

လရိပ်လေး (မောင်းမကန်)
5.1.2015
http://layeiklay.blogspot.com/

No comments:

Post a Comment