Pages

Sunday, January 24, 2016

***လွမ်းစိတ်ပိုနေ ချစ်မေမေ***


မေမေ့မေတ္တာ ကရုဏာကို
ရင်မှာတွေးဆ မှန်းရုံမျှဖြင့်
ရွှင်ပြသည်းအူ လှိုက်လှိုက်ဆူသည်
ဘယ်သူယှဉ်၍ ရနိုင်ပါ့။


အမေနေ့မှာ မေ့မေတ္တာကို
ကဗျာရေးကာ ဖွဲ့နွဲ့ပါလည်း
ရင်မှာလွမ်းတွေ ဖြေမပြေသည်
စိတ်တွေပြေးပြီ မေမေ့ဆီ။

ရုန်းကန်ဘဝ လူ့ဒုက္ခကြား
သောကများစွာ ကြုံရပါလည်း
မေတ္တာလွှမ်းထား မေ့စကားက
အင်အားစုတွေ ဖြစ်တည်စေသည်
မေမေ့ဂုဏ်ရည် လွမ်းမိပြီ။

ဒီနေ့လေးမှာ မေ့မေတ္တာကို
မှန်းကာရိုကျိုး လက်စုံမိုး၍
ရှိခိုးကာပင် ကဗျာဆင်လျက်
ရင်မှလွမ်းတွေ ဖြေသိမ့်နေသည်
မေမေသိစေ သမီးအလွမ်းတွေ။

လရိပ်လေး (မောင်းမကန်)
ပြာသိုလပြည့်နေ့
24.1.2016
http://layeiklay.blogspot.com/

No comments:

Post a Comment