Pages

Saturday, January 9, 2016

***ကြမ္မာလမ်း***

မာယာရမက် ပွေလီယှက်၍
သူ့ထက်ငါသာ စိတ်ယုတ်မာကို
ရင်မှာသိုသိပ် တစိမ့်စိမ့်ဖြင့်
ကြိတ်မှိတ်မောဟ ထုတ်လှစ်ပြက
ဘဝဘယ်မှာ လှမည်နည်း။


ဘဝဆိုတာ ခဏတာမို့
ကြင်နာစိတ်မွေး မေတ္တာထွေးလျက်
သွေးသားပမာ တွဲကူကာဖြင့်
ကြုံလာသမျှ ဖြေရှာမှသာ
ဘဝဆိုသည် လှလိမ့်မည်။

ငါသာကောင်းစား ငါကြီးပွားဖို့
စိတ်ထားမမှန် ကူညီဟန်ပြ
မာန်မချပဲ အများထဲဝယ်
ကြိတ်ခဲအတ္တ ထုတ်လှစ်ပြက
ဘဝဒုက္ခ တွေ့လိမ့်မည်။

လရိပ်လေး (မောင်းမကန်)
7. 1 .2016
http://layeiklay.blogspot.com/

No comments:

Post a Comment