Pages

Saturday, December 20, 2014

လွမ်းစေညွှန်းသည့် ဆောင်း

ဆောင်းဦးရက်ကြွေ
မြောက်လေပြေကြောင့်
လွမ်းစွေရပြီ ချစ်ဦးဆီ။

နှင်းစက်မှုန်ဖွေး
ငွေရောင်သွေး၍
လွမ်းတေးလေးလည်း ညည်းမိပြီ။

နှင်းနဲ့လေပြေ
ရင်ကိုမွှေလျက်
ခွဲနေရသူ
ဘ၀င်ဆူအောင်
ပြုမူနေသလား ထင်ရသည်။

ရင်နွမ်းစိတ်ဆူ
လွမ်းရသူကို
ကြည်ဖြူညွှတ်ထွေး
ဆောင်းလေအေးဖြင့်
ချစ်ရေးနွေးအောင်
ယှက်ထွေးကူညီ တောင်းဆုရည်။

ချစ်နဲ့လည်းဝေး
ဆောင်းလည်းအေးမို့
လွမ်းရေးသာငင်
စိတ်မရွှင်ပဲ
မကြင်သူဆီ မျှော်ရပြီ။

လရိပ်လေး(မောင်းမကန်)
(19- 12-2014)
http://layeiklay.blogspot.com/

1 comment:

  1. ထားဝယ်သူမို့မောင်းမကန်ကိုချစ်တယ်။လွမ်းတတ်သူမို့လွမ်းမောမိခဲ့ပေမဲ့ဘဝကိုဖြတ်သန်းရတဲ့အချိန်ကဘဝနဲ့ပင်လယ်ပြင်ဟာအတူပါလား
    လို့နားလည်စေခဲ့တယ်။
    မေတ္တာရည်လျက်
    မခင်မိုးညို

    ReplyDelete