Pages

Tuesday, December 23, 2014

"ပုဂံလမ်းက အလွမ်း"


ပုဂံခရီး ရှုမငြီးလည်း
ချစ်ကြီးသူနဲ့ ခွဲခွာခဲ့လျက်
ချစ်မဲ့ခရီး လွမ်းဖိစီးသည်။

စက္ကန့်မျှပင် မခွဲချင်လည်း
သက်ရှင်နေရေး ဘ၀ပေးမို့
အဝေးကိုလည်း သွားရပြီ။

ပုဂံရောက်လျင် ဘုရားရှင်ထံ
အရင်ဆုတောင်း ပန်းရေလောင်း၍
ပေါင်းဖက်ရရေး ရည်မျှော်တွေးသည်။

သက်သွေးတည်စေ မေတ္တာဝေလျက်
မသွေခွဲခါ ချစ်ရေးသာလျက်
တစ်သက်တာတူ မြဲကြည်ဖြူ ခွင့်
ရယူချင်ပေ တောင်းဆုချွေ။ ။

လရိပ်လေး(မောင်းမကန်)
(23- 12-2014)
http://layeiklay.blogspot.com/


No comments:

Post a Comment