ဆောင်းဦးရက်ကြွေ
မြောက်လေပြေကြောင့်
လွမ်းစွေရပြီ ချစ်ဦးဆီ။
နှင်းစက်မှုန်ဖွေး
ငွေရောင်သွေး၍
လွမ်းတေးလေးလည်း ညည်းမိပြီ။
နှင်းနဲ့လေပြေ
ရင်ကိုမွှေလျက်
ခွဲနေရသူ
ဘ၀င်ဆူအောင်
ပြုမူနေသလား ထင်ရသည်။
ရင်နွမ်းစိတ်ဆူ
လွမ်းရသူကို
ကြည်ဖြူညွှတ်ထွေး
ဆောင်းလေအေးဖြင့်
ချစ်ရေးနွေးအောင်
ယှက်ထွေးကူညီ တောင်းဆုရည်။
ချစ်နဲ့လည်းဝေး
ဆောင်းလည်းအေးမို့
လွမ်းရေးသာငင်
စိတ်မရွှင်ပဲ
မကြင်သူဆီ မျှော်ရပြီ။
လရိပ်လေး(မောင်းမကန်)
(19- 12-2014)
http://layeiklay.blogspot.com/
Saturday, December 20, 2014
Subscribe to:
Post Comments (Atom)
ထားဝယ်သူမို့မောင်းမကန်ကိုချစ်တယ်။လွမ်းတတ်သူမို့လွမ်းမောမိခဲ့ပေမဲ့ဘဝကိုဖြတ်သန်းရတဲ့အချိန်ကဘဝနဲ့ပင်လယ်ပြင်ဟာအတူပါလား
ReplyDeleteလို့နားလည်စေခဲ့တယ်။
မေတ္တာရည်လျက်
မခင်မိုးညို