Pages

Thursday, December 25, 2014

***မေ့ချစ်သူ***


မပန်ဆင်ရက် အခြွေခက်လို့
မြေသက်သည့်ပန်း ကောက်ယူလှမ်းလျက်
ဆင်မြန်းခဲ့သူ မေ့ချစ်သူ။

အပြစ်မယူ ချစ်ကြီးသူမို့
ကြည်ဖြူ နှလုံး သက်ထက်ဆုံးသို့
မပျက်မေတ္တာ ချစ်သစ္စာနှင့်
ရင်လွှာကွဲမျှ ချစ်နေရလျက်
တမ်းတကြည်ဖြူ မေ့ချစ်သူ
မြေလွှာပြုန်းမျှ မေ့မရဘဲ
ချစ်နေရသူ မေ့ချစ်သူ။

ချစ်ခြင်းသည်ကား သစ္စာထားလျက်
နားလည်မှုနှင့် ပေးဆပ်ခွင့်ဟု
သိလင့်မူကား …
အမုန်းပွါးခြင်း လွမ်းများကင်း၍
ချစ်ခြင်းကမ္ဘာ တည်တံ့မှာ။ ။

လရိပ်လေး(မောင်းမကန်)
(25- 12- 2014)
http://layeiklay.blogspot.com/

No comments:

Post a Comment