Pages

Monday, February 3, 2014

***သရုပ်မှန်***


အပြစ်ကို ဖော်ထုတ်နေရုံနဲ့
စနစ်တစ်ခုကို မပြောင်းလဲနိုင်သလို
ငါမှငါ သူမှသူ
ငြင်းခုံနေရုံနဲ့ ငြိမ်းချမ်းရေးသရဖူက
နေရာရမတဲ့လား။

အမြစ်ကို တူးဆွနိုင်မှ
အဆိပ်ပင် ပြုန်းမှာ။
အသစ်လိုက အဟောင်းဖယ်
နောင်တတရား နောက်ကျမှ
အသိလာမပြနဲ့။

ကမ်းလက်ကိုချည်း မခုံမင်ပဲ
ပေးဆပ်ဖို့ကို သတိရပါ။
ကမ္ဘာကျော်ဖို့ မလိုပါဘူး
ကျရာအခန်းမှာ ကတတ်ဖို့လိုတယ်။

တောင်ကြီးလဲ ဖ၀ါးအောက်
လှိုင်းကြီးလည်း လှေအောက်တဲ့
ဘာကြီးတွေပဲ ဖြစ်ဖြစ်
သေရင် မြေအပို မရလောက်ပါဘူး။

အကြမ်းအရမ်း အစုံကခဲ့ပြီးပြီမို့
ဇာတ်သိမ်းမှာ မင်းသမီးလေး
ပြုံးပါစေ။

လရိပ်လေး (မောင်းမကန်)
(၁ . ၂ .၂၀၁၄ )

No comments:

Post a Comment