Pages

Friday, October 25, 2013

**မချိအလွမ်း***




မြင်ချင်ပါလျက်
မြင်ဖို့ခက်
ဆိပ်သက်နေ့စွဲ မီးနှယ်ကဲ။

ကြားချင်ပါလျက်
ကြားရခက်
ခွန်းဆက်ခြွေမှာ စောင့်လို့သာ။

ဆုံချင်ပါလျက်
ဆုံရခက်
မှေးစက်မျက်လွှာ သူ့ရိပ်သာ။

မေ့ချင်ပါလျက်
မေ့ရခက်
ရင်ထက်ဒဏ်ရာ နှိပ်စက်လာ။

မလွမ်းချင်လည်း
လွမ်းနေဆဲ
စိတ်ထဲသိမ့်သိမ့် မျက်ရည်ဝဲ။

မဝေးချင်လည်း
ဝေးနေမြဲ
သည်းထဲမှာပဲ ဒဏ်ရာကဲ။.....
 
(လရိပ်လေး)
March 5  2013

No comments:

Post a Comment