Pages

Friday, October 25, 2013

**နှင်းဆီတစ်ပွင့်၏နိယာမ**



ဆူးများအလယ် နှင်းဆီငယ်
အလှထူး လို့ရယ်။

ခြွေလိုသူကို ကာကွယ်ထား
မာနလည်း ကြွယ်သား။

ပန်းများစွာရဲ့ လှဘုရင်
ရင့်ကျက် သူ့အသွင်။

စာပန်းချီ စီကာမဆုံး
မြင်သာ သူ့အပြုံး။

ဖူးပွင့်နွမ်းကြွေ ပန်းမျိုးပေ
မြေခရ မြဲလေ။

မခြွေယူလဲ ကြွေရမြဲ
သူ၏ လမ်းစဉ်ပဲ။

လရိပ်လေး(မောင်းမကန်)
(25 . 10 .2013)

No comments:

Post a Comment