Pages

Saturday, October 26, 2013

ရိုးသားစေချင် လောကတခွင်




ရတနာသုံးပါး ၊ အားထားစဉ်သာ
ဘာဝနာတရား ၊ ပွားများနေကာ
မေတ္တာရေချမ်း၊ ဖြန်းပက်လေရာ
စိတ်အေးချမ်း ရွှင်လန်းကြရမှာ။

ဆရာမိဘ ၊ ချစ်ကြစဉ်သာ
စိတ်မှာရိုကျိုး ၊ ရှိခိုးနေပါ
ကျေးဇူးတရား ၊ မှတ်သားရင်မှာ
မေတ္တာထား လေးစားတုံ့ပြန်ပါ။

မိတ်ဆွေချင်းချင်း ၊ ရိုင်းပင်းကူပါ
စာနာစိတ်ထား ၊ မုန်းများဖယ်ကာ
ကြင်နာအပြုံး ၊ မဆုံးစဉ်သာ
ရှေ့ကိုမြဲ လက်တွဲပေါင်းစည်းပါ။

မောင်နှမချင်း ၊ ချစ်ခြင်းခိုင်ပါ
မိဘစကား ၊ မှတ်သားစဉ်သာ
ကြုံလာဒုက္ခ ၊ တူမျှဝေကာ
သစ္စာထား စိတ်ထားဖြူကြပါ။

လူ့ဘ၀က ၊ ခဏရယ်ပါ
တွေ့ကြဆုံခိုက် ၊ စိတ်မိုက်ဖယ်ကာ
စရိုက်ဖြူဖို့ ၊ အားထုတ်ကာသာ
လောကကြား ကြိုးစားနေထိုင်ပါ။


လရိပ်လေး(မောင်းမကန်)
(26 . 10 .2013 )

No comments:

Post a Comment