Pages

Thursday, May 9, 2013

***ရင်ဖွင့်တေး***


လာနိုးငယ်မျှော်
ရွှေလည်တော် ယိုင်နွဲ့ယိမ်း
ဝေးဆီကိုငေး။

လက်ချိုးရေသော်
တစ်ကိုယ်တော် မှိုင်ကာတွေး
ဆုံရက်ကဝေး။

လွမ်းစိတ်ရယ်ဆော်
ပါးပြင်ပေါ် မျက်ရည်ဖွေး
သိမ့်သိမ့်ငိုကြွေး။

ပြေးလို့သာခေါ်
တူစုံဖော် ကြင်ဖို့ရေး
ပြောလိုက်ချင်သေး။

No comments:

Post a Comment