Pages

Tuesday, May 7, 2013

***အလှစစ်***



ရတနာသုံးပါး ဦးထိပ်ထား
ပွားများမေတ္တာ အလှဆင်ပါ။
ကမ္ဘာ့အဆင့်မှီ ခေါင်းလိမ်းဆီ
အလှစစ်ကို တကယ်မမှီ။

ဘုရားတရား သံဃာ့စကား
နားနဲ့မှတ်သား အလှဆင်ထား။
စိန်သားမြချယ် နားတောင်းမှာကွယ်
အလှစင်စစ် မဖြစ်နိုင်တယ်။

အမှန်စကား ပြော၍သာ
ပါးစပ်အလှကို ဆင်သပါ။
ရွှေသွားငွေသွား နှုတ်ခမ်းနီများ
တကယ့်လှတရား မမှီငြား။

ကုသိုလ်ဒါန ပြုလုပ်ကာ
လက်အလှကို ဆင်ကြပါ
လက်ကောက်ဟန်းချိန်း လည်သည်းဆိုးဆေး
တကယ့်အလှရယ် မဟုတ်သေး။

မိမိခန္ဓာကိုယ့်ကိုယ်မှာ
သီလဖြင့်သာ အလှဆင်ပါ
သေးသွယ်မူရာ လှပြင်တာ
အလှစစ်တာ မဟုတ်ရာ။

တကယ်မြင်သာ အလှစစ်မှာ
ဒါန သီလ ဘာဝနာ နေ့စဉ်ပွားများတာ
ရတနာသုံးပါး မြတ်တရား
လေ့လာမှတ်သား စဉ်လေးစား။

ရုပ်နာမ်ခန္ဓာအလှမလိုပါ
စိတ်ဓာတ်ကိုသာ အလှဆင်ပါ
သိမ်မွေ့လှတဲ့ မေတ္တာတရား
သံသရာအထိသာ ယူဆောင်သွား
မြတ်ဗုဒ္ဓရဲ့ ဆုံးမစကား။(လရိပ်လေး) (8 .5 .2013)

No comments:

Post a Comment