|
**ရစ်နွယ်မိပြီ လွမ်းဌာနီ***
နေ၀န်းရောင်နီ မှောင်လုပြီမို့ လရောင်သို့လှမ်း စိတ်အနွမ်းတွေ ပြေလျှော့စေဟု လေပြေနုနဲ့ တေးသီဆက်ကာ ညချမ်းခါမှာ ပျော်စရာတွေ ကြံဖန်ပေလည်း မေ့ရင်ထဲဝယ် မမေ့ဘယ်ခါ ချစ်ဦးသာရှိ တွေးနေမိတော့ မှိန်ဖျော့ဖျော့လေး စိတ်နှယ်တွေးသည် တောင်ပံလေးသာ ရနိုင်ပါက လွမ်းရဌာနှီ ချစ်ဦးဆီကို မေခင်ပျိုလေး ပျံကာပြေးလို့ လွမ်းတေးလေးသာ ဖွဲ့နွဲ့ကာဖြင့် ရင်မှချစ်ကို ဖွင့်ဟလိုတာ တကယ်ပါ။(လ၇ိပ်လေး)(10 . 5 .2013)
|
|
No comments:
Post a Comment