Saturday, May 4, 2013
***ဒဿရဲ့ အတ္တအနမ်း***
ဒဿရင်ထဲကချစ်ချင်းတရားကို
မဖတ်တတ်တဲ့ငါ့မျက်လုံးတွေ
နေခင်းကြောင်တောင် မှတ်တိုင်တွေမှားခဲ့တယ်။
မာယာလှလှလေးတွေနဲ့ ချစ်ဆုံးတဲ့လား
တမာလောက်တောင် မချိုဆိမ့်နိုင်ဘူး
ကာရံလောက်နဲ့တော့ ကဗျာမဖြစ်ဘူးနော်။
မျက်နှာဖုံးမချွတ်သမျှတော့ ငါ့အချစ်ကတရားမျှတမှာမဟုတ်သလို
လွမ်းပြရုံနဲ့ အငမ်းမရဖက်တွယ်တတ်တဲ့ အချစ်ရူးတော့မဟုတ်ခဲ့ဘူး
မူပိုတယ်ဆိုတာလောက်နဲ့စာမဖွဲ့ချင်စမ်းပါနဲ့တော့။
နောင်တဆိုတာ ငါ့ရာဇ၀င်မှာ ရေးရေးတောင်မရှိတဲ့
မာနတွေနဲ့ထုဆစ်ထားပြီးသား
တယုတယမဟုတ်ရင်တော့ ပြုသမျှကိုရေစက်ချပစ်လိုက်မှာ
နောင်သံသရာထိအောင်။
မြေလူးပေမဲ့ ရနံ့ထူးအောင်တော့ ငါရူးသွပ်အုံးမှာပါ
ခရေဘ၀မြေခရပေမဲ့ သံသယ ကမ္ဘာကိုတော့
ဘယ်တော့မှဒူးမထောက်ဘူး။
ဗလာကျင်းတဲ့ ရင်ခွင်တစ်စုံကိုမြှုပ်နှံရင်း
အရာအားလုံးကိုမဲ့ပြုံးလေးနဲ့ နှုတ်ဆက်ဖို့
အားအပြည့်ထည့်ထားပြီးသား
နေသာသလိုနေခဲ့လိုက်ပါ
ဝေဒနာကိုအဖြေမရှာပါနဲ့တော့
ပြန်တစ်ရာမကနာမှာစိုးတာပါ။
bye.....ဆိုတာ နှုတ်ဆက်ခြင်းနော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment