Pages

Friday, March 8, 2013

***လရောင်ဆမ်းတဲ့ ချစ်သူ့အနမ်း***



ဆောင်းညချမ်း လရောင်လမ်းမှာ
ချစ်သူ့အနမ်း လေပြေသမ်းလို့
မပြစ်တန်းချစ်မယ် မှန်းကာဖြင့်
နှစ်တစ်ရာ သစ္စာရွယ်ကာစူး
ချစ်စိတ်ရယ်မြူး။

မသွေတမ်း မေတ္တာပန်းဝေလို့
ချစ်စခန်းမှာ ပန်းရနံ့ရယ်ဖြာ
စမ်းလှနှယ်အေးကာ လှစေလျက်
မကွေကွင်း တူဆုံရချင်ကြောင်း
တောင်းဆုရွယ်စူး။

မပျက်တမ်း ဘ၀လမ်းကို
လက်လှမ်းကာ တူတူလျှောက်ကာဖြင့်
သာသနာရောင်ဝါ ထွန်းစေဖို့
အကြင်နာတွေ ဖေးကူမလို့ရယ်
နှစ်ကိုယ်တူ ပေါင်းကာစိတ်ရွယ်စူး
တွေးစိတ်ကြည်နူး။.............(လရိပ်လေး)

No comments:

Post a Comment