ပင်ယံနန်းမှာ
အသွင်ဆန်းတဲ့
နှင်းဆီ
မာန်ဝင့်ချီ
ပင်ယံတင့်လို့ရယ်
သခင်နှင့်အတူ
ကြည်ဖြူချင်လည်း
ခြွေမယူ နေပူကာနွမ်း
အကြွေပန်းရယ်
မလှမ်းသာ
ကမ်းလက်ကိုမှန်း။
နွမ်းကြေကာ
နေပေမဲ့
မသွေပျက်
ချစ်လျက်သာ
ရေစက်ဖြာ အချစ်ပိုလို့
အပြစ်မဆိုတဲ့သူရယ်
မေတ္တာပိုကာ
နှစ်တစ်ရာ
ချစ်သဒ္ဓါစိတ်တွေနဲ့
ပြုံးလို့ချစ်မြဲ။
လာမဲ့ရက်
ကြိုချင်တယ်
ခုချိန်ဝယ်
နှင်းဆီတစ်ပွင့်မှာဖြင့်
ဆူးမဲ့ကာ
မ၀င့်ထည်နိုင်ပြီမို့
သခင့်သစ္စာ ယုံကာဖြင့်
မဖြေသာ အလွမ်းတွေဆင့်ကာကဲ
စောင့်ကြိုလျက်ပဲ။
No comments:
Post a Comment