Pages

Wednesday, March 6, 2013

***ဌာနေလမ်းဆီ မှန်းမျှော်ရည်၍***



မြန်မာပြည်က စိုပြည်လှတွေ
ဝင်းပနေမင်း တိမ်မှုန်ကင်း၍
ပြစ်ကင်းလသွင် ယမင်းခင်နှယ်
သွင်ပြင်လှပ ရှုတိုင်းလှလို့
တွေ့ရရင်မှာ စိတ်ကြည်သာ။

ရေမြေအလှ တွေ့လိုက်ရတော့
ချစ်ကြတူနေ ကျန်ခဲ့လေသည့်
ဝေးမြေရယ်ခြား မိတ်ဆွေများအား
လွမ်းအားကပို ချစ်ခြင်းကိုဖြင့်
စာဆိုသီကြွေး ကဗျာရေး၍
သိပေးလို့သာ ဖွင့်ဟချင်။

တွေ့ခဲ့ကြစဉ် စိတ်ချင်းယှဉ်၍
ပန်းသွင်လန်းလို့ ချစ်ခြင်းတို့ဖြင့်
ခွဲဖို့မတွေး စိတ်ဝယ်အေးကာ
ပျော်ရေးသာငင် တွေးနေချင်လည်း
မထင်အရေး ပေါ်လာသေးတော့
လွမ်းရေးခဏ ဖယ်ရပြီ။

တွေ့ကြဆုံလာ လောကမှာကွယ်
ခွဲရစွန့်ခွာ ဓမ္မတာမို့
ရင်နာခံခက် ပြုံးမပျက်ပေ
ဆုံးဇာတ်ရှည်ဆွဲ ချစ်စမြဲကာ
သဲထဲသစ္စာ တည်စေကာဖြင့်
မှန်စွာမေတ္တာ ထားလျက်ပါ။....(လရိပ်လေး)

No comments:

Post a Comment