Pages

Sunday, June 15, 2014

***ချဉ်ခြင်း***


ပန်းမျိုးတစ်ရာ
ပွင့်နေပါလည်း
ကေသာထက်တွင် မပန်ချင်။

ရသစုံစွာ
တီးခတ်ပါသည့်
သံသာတေးလည်း မကြားချင်။

ခေတ်ကိုလိုက်ကာ
ဖွံ့ဖြိုးပါသည့်
အိမ်ရာတွင်လည်း မနေချင်။

သွေးချင်းများပင်
စစ်မက်ဆင်သည့်
ဖြစ်စဉ်ကိုလည်း မမြင်ချင်။

ပန်းစုံရသ
ငြိမ်းချမ်းလှသည့်
အေးမြ မြန်ပြည် မြင်ချင်သည်။

လရိပ်လေး (မောင်းမကန်)
(၁၀၊ ၆၊ ၂၀၁၄)
http://layeiklay.blogspot.com/

No comments:

Post a Comment