Pages

Sunday, June 15, 2014

***ချစ် ရာဇဒဏ်****


မချစ်တတ်သူရဲ့
ရက်စက်လွန်းတဲ့ မျက်ဝန်းမှာ
အယူခံဝင်ချင်ပေမဲ့လည်း
သေမိန့်ကျပြီးသား လွမ်းသင့် နှလုံးသားရဲ့
ငိုရှိုက်သံကို ဘယ်သူသိနိုင်မလဲလေ။

မကြင်နာတတ်သူရဲ့
မာကျောလွန်းတဲ့ အသည်းမှာ
ချစ်ပန်းပွင့်ခွင့် ရချင်လည်း
အမုန်းဆိပ်သင့် အလွမ်းမြစ်ပဲ
နှောင်တွယ်ရစ်တာ ဘယ်သူသိနိုင်မလဲလေ။

ကဗျာ မဆန်ချင်ပေမဲ့
ဘယ်သူမှမသိနိုင်တဲ့ အလွမ်း ဆိုတဲ့
ချစ်ရာဇဒဏ်ကို မိုက်မဲစွာခံယူရင်း
ရင်တစ်ခြမ်း စတေးထားဆဲပါ ......ချစ်သူ။

လရိပ်လေး(မောင်းမကန်)
(၁၁ . ၆ ၂၀၁၄ )
http://layeiklay.blogspot.com/

1 comment: