Pages

Thursday, June 5, 2014

***အညတရ ရှိုက်သံ***


မမျှတတဲ့ လမ်းကို ကျောကပ်
မဝရေစာ ကိုယ့်ဝမ်းစာတွက်
မြေပြင်မှာ လူးလှိမ့်ရင်း
ဆန့်တငင်ငင် ဘ၀က
ခါးသက်သက် ပြင်းရှရှ ခံခက်လှတယ် အမေ။

ရေမြေတောတောင် မီးရောင်တွေက
ဘယ်သူတွေတွက် ရည်ညွှန်းထားလဲ
ကြမ္မာကို အတင်းတရားခံလုပ်
ချဉ်ခြင်းတွေ မြိုမြိုချနေရတယ် အမေ။

ရှိုက်သံတိုင်း သွေးစက်လွှမ်း
မမြင်မစမ်းနဲ့ ခေတ်သစ်ကို တမ်းတရင်း
ဘ၀က နွမ်းနွမ်းလာတယ် အမေ။

မိုးလား ကဲလား ၀င့်ကြွားသံများက
တစာစာအော် ကမ္ဘာကျော် စောင်းကြိုးညှိသံက
နားရည်ဝရင်း အူလမ်းကြောင်း ခြောက်ကပ်လာပြီ အမေ။

အ၀စား ငါးရာဆိုပေမဲ့
တပြားသားမှမပိုင်တဲ့ ကျွန်တော်
အမေ့ကို အဖော်လုပ် ရို့ရို့လေး
တောင်းနေရတယ် အမေ။

အညတရ ရှိုက်သံကို
မကြိုဆိုကြပေမဲ့ အမှောင်လမ်းက
ဇာတ်သိမ်းခန်းလို လောကကို
အရောင်မဆိုးရက်တော့ဘူး အမေ။

လရိပ်လေး(မောင်းမကန်)
(၃ . ၆ ၂၀၁၄ )

http://layeiklay.blogspot.com

No comments:

Post a Comment