Pages

Sunday, November 24, 2013

**စာသင်ခန်း**



စာပေပညာ လေ့လာရင်းနဲ့
အချင်းချင်းတွေ ရိုင်းပင်းကွယ်။

ဆရာများကို ရိုသေကြလို့
သင်ပြတာတွေ မှတ်သားမယ်။

မေတ္တာဝေကာ ကြင်နာထားလျက်
သွေးချင်းများနှယ် ချစ်ကြကွယ်။

ပညာနို့ရည် တူတူသောက်လို့
ပန်းတိုင်ရောက်အောင် ကြိုးစားမယ်။

ကြိုးစားကွယ်……ကြိုးစားမယ်။


လရိပ်လေး (မောင်းမကန်)
(၁၈ . ၁၁ .၂၀၁၃)

ဓာတ်ပုံကို အင်တာနက်မှရှာ၍ တင်ထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment