ဝဿန်ချိန်ခါ မိုးရိပ်လာသော်
မှိုင်းကာညှို့ညှို့ လွမ်းရင်ဆို့ပြီ
စို့စို့မျက်ရည် မိုးစက်သီသို့
ဘယ်ဆီဘယ်လမ်း ရော်ရီမှန်းလို့
တမ်းတမ်းတတ လွမ်းရသည်.
မိုးတဖွဲဖွဲ ဝေ့ဝေ့သဲလျှင်
ရင်ထဲစွဲထင် ချစ်ခဲ့စဉ်ကို
ပြန်မြင်လာမိ ဖြေမညှိသာ
တွယ်ငြိကာပင် လွမ်းစိတ်ဝင်သည်
နာကျင်ခြင်းသာ စိုးမိုးပြီ.
မိုးသက်လေပြင်း ရိုက်ခတ်ဆင်းတော့
ချစ်ခြင်းဝေဆူ
ကူမဲ့သူဝေး
ရင်ပူအတွေး
လေပြေထွေးလည်း
လွမ်းရေးသာငင်
စိတ်မရွှင်ပဲ
စမ်းသွင်ပုလဲ
မျက်ရည်ဝဲ။
ရာသီမိုးကုန်
ဥသြပျိုတို့
တေးဆိုသိမ့်ချိန်
လွမ်းဆိပ်ပြေ၍
ချစ်တွေဝေလျက်
မေတ္တာသက်ကာ
ရင်ထက်ဒဏ်ရာ ငြိမ်းစေ့ငှာဖြင့်
သစ္စာဆုခြွေ
မိုးသက်သေ။
No comments:
Post a Comment