Pages

Thursday, April 18, 2013

***ဘုန်းရောင်ရွှေဝါ မြတ်သံဃာ***



ကမ္ဘာတစ်လွှား ဘာသာခြားကြား
ဥာဏ်အားရယ်ပို ဂင်းနစ်ကိုချိုး
စာဆိုသံဃာ အာနန္ဒာသို့
မဟာလူသား ထူးထူးခြားခြား
ဘုရားသားတော် ဆရာတော်။

အများအကျိုး ရွက်သယ်ပိုးကာ
အမျိုးဘာသာ သာသနာတွက်
ပညာဓမ္မ တရားပြ၍
ဖွင့်ဟမြက်ဆို ကျေးဇူးပိုသူ
နှိုင်းဆိုမဲ့ရာ မြတ်သံဃာ။

မျိုးဖျက်တွေကြား ရဲဝံ့အားဖြင့်
မနားမနေ တပည့်တွေတွက်
မသွေမစောင်း ဆရာကောင်းလို
ခညောင်းမေတ္တာ ပေးဆပ်ကာကွယ်
ထိလာရန်စွယ် ဥာဏ်နှင့်ဖယ်။

လက်နှိပ်စက်ငယ် တစ်လုံးရယ်နှင့်
နယ်ပယ်ဓမ္မ ကျယ်ပြန့်လှအောင်
ဘ၀နေ၀င် မသေခင်ထိ
တွေးမြင်စိတ်ကူး အသိထူးကို
ရည်စူးဘာသာ သာသနာတွက်
စာနာထောက်ကာ ချန်ရစ်ရှာသည်
မြတ်လှသံဃာ ပေတကား။.......(လရိပ်လေး) (18 .4 .2013)

No comments:

Post a Comment