Pages

Wednesday, October 11, 2017

***သတိ***

ငါသာသိတတ် ငါသာမြတ်လျက်
အတ္တငါစွဲ ယုံကြည်ကဲသော်
စိတ်ထဲဘဝင် တော်လှထင်၍
မြင်သမျှလူ မတတ်သူဟု
ငြူစူစိတ်သာ ဝင်လိမ့်မည်။

စကားပြောလျှင် မဆင်ခြင်ပဲ
ထင်မြင်သမျှ နှိမ်ချလို့သာ
ဆက်ဆံပါမူ ခံရသူမှာ
ငြူစူစိတ်သာ ဝင်လိမ့်မည်။

စာပေရေးခါ မသေချာပဲ
အက္ခရာမှား စော်ကားလိုငြား
စိတ်ထားဖြင့်သာ ရေးသားပါမူ
စာဖတ်သူမှာ စိတ်မသက်သာလျက်
စိတ်မှာနာကျင် ပေလိမ့်မည်။

လူသားချင်သာ စာနာပါလျင်
ငါမည်အတ္တ ရှောင်ဖယ်ကြလျက်
မျှတရေးသား ပြောစကားကို
သတိထားဖို့ လိုပေမည်။

လရိပ်လေး (မောင်းမကန်)
1.8.2017
http://layeiklay.blogspot.com

No comments:

Post a Comment