Pages

Wednesday, October 11, 2017

***တန်ဖိုး***

တန်ဖိုးဆိုသည့်အရာကို နားမလည်၊
တန်ဖိုးထားမှုကို မသိသောသူ အနားမှ
တန်ဖိုးရှိသူများ အလိုလိုပျောက်ကွယ်သွားလေ့ရှိသည်။

လူသားတိုင်းကို စိတ်ရင်းအမှန်ဖြင့်
တန်ဖိုးထားတတ်လျှင်
တန်ဖိုးရှိသူများ ထိုသူအနား
အလိုလိုရောက်လာပေလိမ့်မည်။

တန်ဖိုးထားမှုဆိုသည့်အရာသည်
တခါတရံ၌ မိမိတို့၏
အပြောအဆိုနှင့်လုပ်ရပ်တို့ကြောင့်
ပျက်စီးသွားတတ်သည်။

လရိပ်လေး(မောင်းမကန်)
4.8.2017
http://layeiklay.blogspot.com

No comments:

Post a Comment