Pages

Saturday, September 24, 2016

***လွမ်းငွေ့***

အလွမ်းဆိုတာ
ချစ်ခြင်းကြောင့်ဖြစ်ပေါ်ပြီး
ပြောင်းလဲလို့မရတဲ့ သီအိုရီတစ်ခုလား။

အရာအားလုံး ဟောင်းနွမ်းသွားလည်း
သူကတော့ တည်မြဲနေဆဲ။

ချစ်ခြင်းဆိုတဲ့အရာ ပျောက်ဆုံးလည်း
သူကတော့ရှင်သန်ဆဲ။

"အချိန်က ကုစားသွားမှာပါတဲ့"
အဲဒီစကားလုံး ကျွန်မနဲ့မဆိုင်ဘူး။

သူ့ကို ကျွန်မ စက္ကန့်တိုင်း
လွမ်းတယ်။

လရိပ်လေး (မောင်းမကန်)
23.9.2015
http://layeiklay.blogspot.com/

No comments:

Post a Comment