Pages

Sunday, September 11, 2016

***လွမ်းကြောင်းသက်သေ သူသိစေ***

ချစ်မိမိုက်မှား ဝေဒနာကြားမှ
လွမ်းစကား ကြားချင်မိသည်။

ချစ်မိသူအား လေလှိုင်းကြားမှ
လွမ်းစကား အမှာပါးချင်သည်။

ချစ်မိသူစိမ်း ရှောင်ဖယ်တိမ်းလည်း
မယိမ်းယိုင်ပဲ မျှော်နေမိသည်။

နောက်ဆုံးလက်ပြ ခွဲခွာရလျက်
ဆုံကြရက်တွေ ကုန်ခဲ့လေလည်း
ရေမြေဆုံးတိုင် လွမ်းနေမည်။

မသန္တာ( မောင်းမကန်)
8.9.2016
http://layeiklay.blogspot.com/

No comments:

Post a Comment