Pages

Tuesday, July 14, 2015

စာရေးနည်းသင်တန်း တက်ချင်သူများအတွက်


မြန်မာနိုင်ငံစာရေးဆရာအသင်း၊ စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုရေးသားနည်း အခြေခံ လမ်းညွှန်သင်တန်းတွင် လယ်တွင်းသားစောချစ်၊ မောင်ခင်မင် (ဓနုဖြူ)၊ မနုဿကျော်ဝင်း၊ မြင်းမူမောင်နိုင်မိုး၊ ချစ်နိုင် (စိတ်ပညာ)၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ မောင်စိမ်းနောင် (လယ်ဝေး)၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ ဟိန်းလတ်၊ ဒေါက်ထွေး (ဆေး/မန်း)၊ မစန္ဒာ၊ ကြူကြူသင်း၊ မနှင်းဖွေး၊ မမိုးမြေ၊ မြတ်စိုး (လှိုင်)၊ မှော်ဝန်းကြည်မြတ်၊ မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) ၊ မောင်စိုးထိုက် (သုံးဆယ်)၊ တင်အောင်ရွှေ (သုတေသီ)နှင့် အခြားနာမည်ရ စာရေးဆရာကြီးများက သင်ကြားပို့ချကြမည်။

သင်တန်းကာလကို သြဂုတ်လ (၁) ရက်နေ့မှ စက်တင်ဘာလ (၅) ရက်နေ့အထိ ၊ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့၊ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ သင်ကြားမည်။ သင်တန်းတက်ရောက်လိုသူသည် သင်တန်းကြေး (၂ဝဝဝဝိ) ပေးသွင်းရမည်။ အသက် (၁၆)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ 
 သင်တန်းမှသတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်။

 မြန်မာနိုင်ငံစာရေးဆရာအသင်းရုံး၊ အမှတ် (၁၇၃/၁၇၅)၊ (၇) လွှာ ၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ဝ၁-၂၅၂၄၁၇၊ ဝ၁-၃၈၅၂၇၃ တွင် စုံစမ်း၍ (၁-၇-၂ဝ၁၅) ရက်နေ့မှ (၁၅-၇-၂ဝ၁၅) ရက်နေ့ နောက်ဆုံးထားပြီး၊ ဓာတ်ပုံ (၃) ပုံနှင့်အတူ လျှောက်လွှာပုံစံ ဝယ်ယူတင်သွင်းနိုင်ကြောင်းနှင့် သင်တန်းသားအရေအတွက် ကန့်သတ် ထားသဖြင့် သတ်မှတ်ထားသော ရက်ကာလထက် နောက်ကျတင်သွင်းလာသော လျှောက်လွှာများကို လက်ခံမည် မဟုတ်ကြောင်း သိရှိရသည်။

Myanmar Mwa

1 comment:

  1. စနေ တနင်္ဂနွေ သင်တန်း ထပ်ဖွင့်ပေးဖို့ ရှိပါသေးလားရှင်

    ReplyDelete