Pages

Tuesday, July 14, 2015

***ရုပ်သေးဆရာ***


ကကြိုးတွေ ပြောင်းခွင့်က
သူ့လက်ထဲမှာ။
လှုပ်ရှားမှုတိုင်းက
သူ့ရဲ့စေညွှန်ရာ။

ခေါင်း၊ခါး၊ခြေလက်
လှပတဲ့ အချက်တိုင်းဟာ
သူရဲ့နည်းပရိယာယ်ကြားမှာ။

ဗျူဟာမြောက်သော နည်းပညာက
သူ့အတွက် ဝမ်းတွင်းစုန်း။
အဖြေရှာပါ
လူပြောင်းမလား ၊ မူပြောင်းမလား။

လရိပ်လေး ( မောင်းမကန် )
26 – 6 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment