Pages

Wednesday, March 25, 2015

*** မညှိုးပန်းသွင် ဆရာသခင် ***


ရနံ့ကြူသင်း ပန်းအဆင်းနှင့်
ချစ်ခြင်းမေတ္တာ မွှေးပြန့်ပါသော
ဆရာအစစ် ပန်းတစ်ပွင့်။

အမြစ်ခိုင်မာ ပန်းပွင့်လာအောင်
စာနာပေးလျက် ရှေ့ဆက်တက်ရေး
လမ်းဆက်ပေးတာ သည်ဆရာ။

စာပေကိုတွေး စာကိုရေးက
နွေးထွေးမေတ္တာ ရောယှက်ကာဖြင့်
ကျရာလမ်းမှ လမ်းညွှန်ပြ၍
လှပစာဆင် ရေးစေချင်သော
ရွှေစင်အသွင် ဆရာသခင်။

လရိပ်လေး ( မောင်းမကန် )
23 - 3 - 2015
http://layeiklay.blogspot.com/

No comments:

Post a Comment