Pages

Wednesday, March 18, 2015

***အထီးကျန်အလွမ်း***


လွမ်းပွင့်တွေဝေ နွမ်းရစ်ခွေလျက်
ရှောင်သွေသူအား မျှော်သော်ငြားလည်း
သူကားမလာ စိမ်းကားတာမို့
ရင်နာကျိုးကြေ ကျွမ်းရင့်နွေ။

ကြိတ်မဖြေသာ ချစ်ဒဏ်ရာမို့
စက်ရာနန်းထက် မျက်ရည်စက်ဖြင့်
ထွေးယှက်၍သာ နေရရှာသည်
ဘယ်ခါများမှ ဆုံတွေ့ရဟု
တမ်းတနေမိ လွမ်းနေ၏။
နောင်သောအခါ လူဖြစ်လာက
ချစ်နဲ့ဆုံရာ ချစ်ကမ္ဘာမှာ
နှစ်လွှာချစ်သဲ တူယှဉ်တွဲ၍
မခွဲမခွာ နေလိုပါကြောင်း
သစ္စာမှန်းရည် ဆုတောင်းမည်။
လရိပ်လေး(မောင်းမကန်)
06. 03. 2015
http://layeiklay.blogspot.com

No comments:

Post a Comment