Pages

Friday, February 28, 2014

လရိပ်လေး(မောင်းမကန်) ရဲ့  apk

Jo Khamsan ရဲ့ လက်ဆောင်

လရိပ်လေး(မောင်းမကန်) offline နှင့်online များတွင် ဖတ်ရှုနိုင်ပါကြောင်း
offline နှင့်online များတွင် ဖတ်ရှုနိုင်ပါကြောင်းအားပေးလိုက်ကြပါအုံး သူငယ်ချင်းတို့ရေ
http://khunkhamsan.blogspot.com/2013/10/blog-post_30.html
ကဗျာဆရာမလေး လရိပ်လေးရဲ့ ကဗျာပိုစ့်များandroide ဖုန်းများတွင်ဖတ်ရှုအားပေးရန်
apkလေးအားဒေါင်းယူနိုင်ပါပြီ။ အောက်တွင် ဒေါင်းရန်လင့်လေး ပေးထားပါတယ်။
အားပေးလိုက်ကြပါအုံး သူငယ်ချင်းတို့ရေ
http://khunkhamsan.blogspot.com/2013/10/blog-post_30.html

***လွမ်းသင့် ဒဏ်ရာ***

မဖြေသာ ဝေဒနာ
ချန်ခဲ့ပါတဲ့ ချစ်ဒဏ်ရာ။

ရိပ်ပမာ နှိပ်စက် ကလူတာမို့
ရင်ဆူကျွမ်းငြိ လွမ်းမိခါခါ။

မုန်းစမပါ သည်းလွှာမှာ
စွဲမက်စွာ ချစ်ဖူးခဲ့တာမို့
ရစ်မူးကာလွမ်း။

ချစ်နွမ်းကာ ပစ်ခွာရစ်ပေမဲ့
ချစ်လျက်ပင် ပြစ်မမြင်ရက်သူမို့
စိတ်အစဉ်ရယ် သူ့ဆီပဲမှန်း။

လရိပ်လေး(မောင်းမကန်)
(၂၈ . ၂ . ၂၀၁၄ )

Thursday, February 27, 2014

***ကာရန်သီကုံး ကဗျာထုံး***

ခြေခံမကျ ၊ နည်းမလှလည်း
တွေးရသမျှ ၊ စာစီချ၍
ရသစုံစွာ ၊ ပေးချင်တာမို့
ကဗျာကိုရေး ၊ စာပေတွေး၏
အားပေးသူများ ပျော်စေသား။

ကာရန်ကဗျာ ၊ ရေးသောခါဝယ်
ခေတ်ခါနောက်ကျ ၊ ရှေးကျလှဟု
ပြောကြကဲ့ရဲ့ ၊ နောက်ပြောင်ခဲ့လည်း
မရွဲ့မစောင်း ၊ လမ်းမပြောင်းပဲ
ရှေးဟောင်းကဗျာ ရေးလျှက်သာ။

မြန်မာမှာမွေး ၊ မြန်မာသွေးမို့
အရေးအသား ၊ မဆန်းပြားပဲ
ရိုးသားစွာပင် ၊ ကာရန်ဆင်၍
အစဉ်မပျက် ၊ ကဗျာသက်သွေး
ရှေ့ဆက်မွေးချင် အတွေးဝင်။

ရှေးဆရာများ ၊ ကာရန်အားဖြင့်
ရေးသားလို့ထား ၊ အထင်ရှားမို့
စိတ်အားမငယ် ၊ အားသစ်ကြွယ်၍
ဝင့်ထယ်ကဗျာ ၊ တင့်တယ်လာအောင်
ကောင်းရာရှာတွေး ဆက်လက်ရေး။

ကဗျာဟူသည် ၊ ကာရန်ညီမှ
စာစီသီကုံး ၊ ဖတ်မဆုံးဟု
ရှေးသုံးစကား ၊ မှတ်သားထားကာ
လေးစားလို့သာ ၊ ရေးသားတာမို့
ဘယ်ခါမပြောင်း ကာရန်လောင်း။

မြန်မာကဗျာ ၊ ပျင်းစရာဟု
ပြောလာပါလည်း ၊ ရှေးဆရာများ
ကဗျာများကို ၊ လေးစားပို၍
စိတ်ကိုပြင်ဆင် ၊ မြဲပျော်ရွှင်ကာ
နေ့စဉ်မပျက် ရေးသားလျှက်။

ကဗျာကိုတင် ၊ စာကိုမြင်၍
တင်မြင်ချက်ပေး ၊ ဝေဖန်ရေးသည့်
အားပေးမိတ်ဆွေ ၊ စာချစ်လေသော
စာပေသမား ၊ ပေါင်းသင်းများအား
လေးစားလျက်သာ ၊ ဤကဗျာကို
တန်ဆာဆင်ကာ ၊ ရေးခဲ့ပါ၍
စာနာလို့သာ ဖတ်ကြပါ။

လရိပ်လေး(မောင်းမကန်)
(၂၇ . ၂ .၂၀၁၄)

Wednesday, February 26, 2014

***နွေဦး အလွမ်း***


သဇင်ရယ်မွှေး ၊ ငွေနှင်းဖွေးသည့်
ချမ်းအေးရာသီ ၊ ကုန်လေပြီမို့
နွေဆီသို့ကူး ၊ ဥသြမြူးကာ
ကြည်နူးစရာ ၊ သည်ချိန်ခါမှာ
လွမ်းလာမိပြီ ချစ်ဦးဆီ။

နွေရဲ့ပန်းချီ ၊ လိုက်မမှီအောင်
တေးသီမဆုံး ၊ ချစ်ပန်းကုံးသို့
ချစ်ပြုံးဝေဆာ ၊ ချစ်ခဲ့ပါသည့်
နှစ်လွှာကူးစေ ၊ ချစ်ပန်းဝေရာ
ခါနွေဦးဝယ် လွမ်းစိတ်ကြွယ်။

နွေဦးအလှ ၊ စိမ်းစိုမြလည်း
ဝေးကချစ်သူ ၊ မေ့သည်းအူကို
ကြည်ဖြူချင်သေး ၊ စိတ်အတွေးကြောင့်
ပူဆွေးစိတ်ဝင် ၊ လွမ်းရေးငင်၍
နွေဝင်ဦးစ စိတ်မရွှင်ပြ။

နွေရိပ်သို့ပူ ၊ ရင်ထဲဆူလည်း
သည်းအူပြုန်းမျှ ၊ ချစ်ခဲ့ရသူ
ဘ၀သခင် ၊ ချစ်သည်းရှင်ကို
နွေရင်အလား ၊ ပူစိတ်ပွား၍
လွမ်းအားပိုကဲ မျက်ရည်ဝဲ။

နွေမှာချစ်ဖူး ၊ နွေလေရူးလို
စိတ်ကူးနဲ့ပျော် ၊ ချစ်ခဲ့သော်လည်း
မွေ့လျော်ခွင့်ဝေး ၊ ရင်နင့်ဆွေး၍
ဖော်ဝေးငှက်နှယ် ၊ ချစ်ပျက်ပြယ်ကာ
နွေလယ်ရက်မှာ ၊ ကျန်ခဲ့တာမို့
ရင်နာဆဲပါ နွေဦင်္းခါ။

လရိပ်လေး (မောင်းမကန်)
(၂၆ . ၂ . ၂၀၁၄)

***သတိ လောဘသားကောင် များသို့***

မှန်တရားတွေ ချစား
ရိုးသားခြင်းများ ပြာကျ
မြေကြီးက သွေးရဲရဲနီ
စာစီလို့မှမကောင်း
သမိုင်းကြောင်းကို ခေါင်းစဉ်လွှဲတဲ့ခေတ်။

ဇာတ်တူသား စားသူများ
တီဗွီဖန်သားပြင်မှာ တိုက်ပုံတကားကားနဲ့
ပြည်သူ့ဘက်တော်သား ဆိုပါလား
ငိုချင်စရာ ပျက်လုံးထွားတဲ့ ခေတ်။

လက်ခံပေးပါ လက်ခံပေးပါ ဆိုတဲ့
သွားတဖြဲဖြဲ ကမ္ဘာကျော်
သူတောင်းစားများ
မြန်မာ့ ပလက်ဖောင်းမှာ
တံဆိပ်ကိုယ်စီနဲ့ ခြေစိုက်တော့မဲ့ ခေတ်။

ဥာဏ်မမှီတဲ့ ငမွဲများ
နင်းပြားဖြစ်ပြီးရင်းဖြစ်
အော်သူကအော် တိုက်သူကတိုက်
နေရာ တစ်ခုရဖို့
အသက်ပေါင်းများစွာ စတေး
ကိုယ့်သွေးကိုယ် ပြန်သောက်ကြတဲ့ ခေတ်။

ခေတ် ကို မြူဆွယ်ရင်း
ကိုယ့်အရိပ်ကို မဆန်းစစ်
သွေးညစ်တွေပဲ ထပ်ထပ်သွင်း
မိမြန်မာပြည်ကြီး အသက်ငင်နေပြီ
စနစ်ကိုပြင်မလား အကျင့်တွေပြင်မလား
တွေးဖြန့်ကျက်လို့ သမိုင်းသစ်အတွက်
သတိကပ်ကြတော့….လောဘသားတို့။

လရိပ်လေး (မောင်းမကန်)
(၂၅ . ၂ .၂၀၁၄ )
ဓာတ်ပုံကို အင်တာနက်မှ ကူးယူထားပါသည်။

ဆရာသို့ ကန်တော့ပန်း

ဆရာပြန်လာတဲ့ အချိန်ပိုင်းလေးမှာ ဘုရားတွေ အတူတူ လိုက်ဖူးရင်း စာပေဟောပြောပွဲလည်း တက်ခွင့်ရခဲ့တယ်။ အဖေ တစ်ယောက်လိုရော ဆရာတစ်ယောက်လိုရော ဂရုစိုက်ပေးခဲ့တဲ့ဆရာ့ကို သမီးတစ်ယောက်လို တပည့်တစ်ယောက်လို စိတ်ထားနဲ့ ကန်တော့ခွင့်ရခဲ့ပါတယ် ဆရာ။

ကျွန်မ နှစ်ရှည်လများ တမ်းတနေရတဲ့ အချိန်လေးကို ခဏလေး ပိုင်ဆိုင်ခွင့်ရခဲ့တယ်.။ ကျွန်မ ဘ၀ရဲ့စာပေ ကျေးဇူးရှင်အဖြစ် အသက်ရှင်နေသရွေ့ လေးစားနေမှာပါ ဆရာ။ ဖေ့ဘုတ်ကနေ ဆုံတွေ့ခဲ့ရပေမဲ့ တကယ့်သားသမီး အရင်းလို မေတ္တာထားပေးတဲ့ ဆရာ့ကို ကျွန်မ ဘယ်လို စကားလုံးတွေနဲ့ နှိုင်းဆပြီး ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ဆရာ။

ဒီနေ့(February 24) ဆရာပြန်မယ်တဲ့လေ၊ ကျွန်နှုတ်မဆက်ပါဘူး ဆရာ နှုတ်ဆက်တယ်ဆိုတာ လမ်းခွဲမယ့်သူတွေပါ။ ဆရာနဲ့ သမီး ဘယ်တော့မှ လမ်းမခွဲဘူး။ လူချင်းမတွေ့ပေမဲ့ စိတ်ချင်း အမြဲတမ်း ဆက်သွယ်နေမှာ ပါဆရာ။ ကျွန်မ စိတ်တွေတင်းထားပြီး နှုတ်မဆက်ဖြစ်အောင် ထိန်းထားရင်း မျက်ရည်တော့ ကျမိပါတယ် ဆရာ။ ဒါကြောင့် ဆရာနဲ့ သမီးတို့ အတူရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်လိုက်မိပြီး ဆရာသို့ ကန်တော့ပန်းဆင်လိုက်ပါတယ် ဆရာ။

ဆရာ့တပည့်မလေး

လရိပ်လေး (မောင်းမကန်)
(၂၄ . ၂ .၂၀၁၄ )

Sunday, February 23, 2014

မဟာနန္ဒာကန် အမှတ်တရ



မဟာနန္ဒာကန်သည် ရွှေဘိုမြို့ ၏ အထင်ကရ နေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ရွှေဘိုမြို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ဖြစ်ပြီး မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် ကုန်းဘောင်ခေတ် ၊ ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပေသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ရုံးစိုက်ရာမြို့များ အနက် တစ်မြို့လည်းဖြစ်သည်။

ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် မြို့အမည်မှာလည်း ၅ မျိုးတိတိရှိပေသည်။ မူလရွာအဖြစ်ရှိစဉ်က အမည်ဖြစ်သည့် မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ တို့ဖြစ်သည်။ ထိုအမည်များကို အောက်ပါ ကဗျာအတိုင်း အလွယ်မှတ်သားနိုင်သည်။

ရန်ကြီးအောင်၊ ကုန်းဘောင်ခ
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ။

အထင်ကရ နေရာများ

နန်းတော်ရာ
အောင်မြေ
မဟာနန္ဒာကန်
ကာဘိုးဆည်
သဖန်းဆိပ်ဆည်

ဘုရားပုထိုးများ

မြို့ထောင့်စေတီ(မော်ဓောမြင်သာစေတီ)
ချမ်းသာကြီး ချမ်းသာရစေတီ (မြို့ခံလူများကမူ ဘုရားဟုသာခေါ်ကြသည်။)
ရွှေတန်ဆာစေတီ
ရွှေချက်သိုစေတီ
နိဗ္ဗာန်ဆိပ်ဦးစေတီ
ရွှေသိမ်တော်ဘုရား(သို့မဟုတ်) သံဃာ့အောင်မြေဘုရား

http://www.shwebo.net/ မှ သတင်းအချက်အလက်များ ရယူပါသည်။