အနာတရ များလှခေတ်ဝယ်
ထာဝရသည်ကား တိမ်လွှာများနှယ်
လေကြားလွင့်ပြယ် အချစ်ကွယ်သည်။
အစစ်လို့ထင် ချစ်မိရင်ဖြင့်
ဘဝင်ပူဆွေး သောကထွေးလျက်
လွမ်းရေးဆင်ကာ ငိုရသည်။
သိပါသော်လည်း ချစ်နွံထဲ၌
ဝဲကာလည်၍ တသိမ့်သိမ့်တိုး
ချစ်စိတ်မိုးလို့ ပျော်ကြသည်။
အချစ်တဏှာ ပစ်ခွာချင်လည်း
ရင်မှာနွယ်ယှက် ချစ်ရေစက်ကြောင့်
သက်နဲ့ရင်းလျက် ချစ်ဖူးသည်။
အကယ်၍များ
အချစ်မသိ ချစ်မရှိသည့်
နတ္ထိကမ္ဘာ တွေ့ခဲ့ပါမူ
ပြေးကာသွား၍ နေတော့မည်။
လရိပ်လေး (မောင်းမကန်)
၁၀.၇.၂၀၁၇
http://layeiklay.blogspot.com/
No comments:
Post a Comment