Pages

Tuesday, January 13, 2015

****ချစ်မဲ့ည****


ပန်းပွင့်ကိုခင် ကေသာဆင်၍
ပန်ချင်ပါလျက် အခူးခက်။

လရောင်လင်းဖြာ ကြယ်ကြွေပါလည်း
မြင်သာမြင်လျက် အဖမ်းခက်။

ညမွှေးပန်းလေး စိမ့်စိမ့်မွှေးလည်း
လွမ်းရေးနှိပ်စက် အနမ်းခက်။

နှစ်ကိုယ်တူယှဉ် ချစ်စမ်းချင်လည်း
မကြင်ခွဲလျက် သူရက်စက်။

လရောင်အောက်မှာ ပန်းနံ့သာဖြင့်
ကြင်နာဖက်ထွေး ချစ်ရည်သွေးလို့
ချစ်တေးကိုဆို မေတ္တာပိုကာ
ကြွေရာကြယ်လေး ကြည့်ကာငေးလျက်
ချစ်ရေးကိုငင် နေလိုက်ချင်လည်း
သခင်အဝေး ပုန်းရှောင်ပြေး၍
မုန်းတေးလေးပဲ ထားခဲ့သည်။

လရိပ်လေး( မောင်းမကန်)
(၁၃ . ၁ .၂၀၁၄)
http://layeiklay.blogspot.com/

No comments:

Post a Comment