ရွာရှေ့ကညောင်ညိုရိပ်
နွားကျောင်းသားလေးတေးဆိုအိပ်
စားကြက်ခင်းမှာ နွားတို့ပျော်
နွားကျောင်းသားလေး တေးတကြော်ကြော်
ပြုံးပျော်ကာ ပုလွေမှုတ်
နေမင်းကြီးကို အဖက်မလုပ်
ချိုကြည်အေးတဲ့ ပုလွေသံ
တောတန်းလေးထိညံ
စီစီညံတဲ့ ငှက်အသံများ
ပုလွေသံအောက်ပျောက်လို့သွား
နေဝင်လုလုမိုးချုပ်ပြန်
နွားတို့ရှိရာပြေးရပြန်
တစ်ကောင်မကျန်ပြေးကာစု
နွားကျောင်းသားလေး သူ့အမှု။
လရိပ်လေး (မောင်းမကန်)
(၁၅ .၁၁ .၂၀၁၃)
No comments:
Post a Comment